Archive for the Meditation category
ဘုရားဖူးရာသီ တရားစခန်းပွဲများ

ဘုရားဖူးရင်း လိပ်ဥလည်း တူးလိုသူများအတွက် ဗုဒ္ဓဂယာ မဟာဗောဓိပရဟိတ မြန်မာကျောင်းတိုက်၏ (ဘုရားဖူးရာသီ) တရားစခန်းပွဲများ (ယခု ပို့စ်ကို မြေမြတ်မဟာ ဗုဒ္ဓဂယာနှင့် တခြားမဇ္ဈိမဒေသရေး စာအုပ်များဖြင့် နာမည်ရနေသည့် စာရေးဆရာ မဟောသဓာ (မာဂဓတက္ကသိုလ်) မှ ရေးသားချီးမြှင့်ပါသည်။ မြေမြတ်မဟာ နေရာတော်၏ ထူးမြတ်ပုံ၊ မိမိတို့ကျောင်းတိုက်၏ ဓမ္မရေးဆိုင်ရာ ပြုလုပ်ပြီး တရားစခန်းများနှင့်၊ နောင်တွင် အစဉ်သဖြင့် ပြုလုပ်သွားမည့် တရားရှာဖွေရေး ကဏ္ဍသုံးရပ်ကို အပိုလိုမရှိ ထိမိစွာ တင်ပြနိုင်သည့်အတွက် ၄င်းအား အထူးကျေးဇူးတင်စွာဖြင့် ဖော်ပြလိုက်ပါသည်။ (ဒေါက်တာ နန္ဒောဘာသ၊ ပဓာန နာယက ဆရာတော်) ဗုဒ္ဓဂယာသည် ဘုရားအဆူဆူတို့ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူကာ လောကသုံးပါးတို၏ အတုမဲ့ထွဋ်ထား သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူကြသည့် Read more >>>
ဘုရားဖူးယင်း တရားလည်း အားထုတ်ကြရအောင်

ယဉ်ကျေးမှုမြင့်သော လူ့အဖွဲ့စည်းအားလုံးတွင် မိမိတို့၏ သက်ဝင်ယုံကြည်ရာ ဘာသာတရား ပေါ်ထွန်းရာ နေရာဌာနများကို အထူးအထွဋ်အမြတ်ထား၍ ဘုရားဖူးထွက်သည့် ဓလေ့ရှိကြ၏။ ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ်ထား ဖူးမျော်ထိုက်သည့် နေရာတော်များအဖြစ် သံဝေဇနိယလေးဌာန၊ (ဘုရားရှင်တိုင်းမစွန့်သော) အ၀ိဇဟိတ လေးဋ္ဌာနတို့ကို ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ် ဟောကြားတော် မူခဲ့သည်။ ဘုရားရှင်နှုတ်ခပါတ်တော်မှ ဗျာဒိတ်တော်မိန့်မှာချက်နှင့်အညီ အထူးအထွဋ်အမြတ်ထား၍ ဂရုဂါရ၀ပြုကြကုန်သော မိမိတို့ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် အဆိုပါနေရာဌာနများသို့ အနည်းဆုံး တသက်တစ်ခါဆိုသလို ဘုရားဖူးရောက်လိုသည့် သမ္မာဆန္ဒရှိကြသည်ချည်းဖြစ်သည်။ ထိုကြောင့် ဟိုရှေးဦးခေတ်မှသည် ယနေ့တိုင် မြန်မာနိုင်ငံ အပါအ၀င် ဗုဒ္ဓဘာသာနိုင်ငံတိုင်းက အိန္ဒိယနိုင်ငံသို့ ဘုရားဖူးများ အလျဉ်မပြတ် လာရောက်နေကြခြင်းဖြစ်၏။ ဤမျှထူးခြား၊ ထွဋ်မြတ်သော ဘုရားဖူးခရီးသွားသည် သာမန် (International Tourist) တစ်ဦးထက်တော့ အဖြစ်ထူး၊ Read more >>>
မြောက်ဦးဆရာတော်၏ အပါယ်ပိတ် ၀ိပဿနာအလုပ်ပေး အထူးတရားစခန်း

ရွှေမဟာ ဗုဒ္ဓဂယာ ဘုရားဖူးအဖွဲ့ မှ ဦးဆောင်လျက် ၀န၀ါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ၏ ဗုဒ္ဓဂယာ၊ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၌ (၄) ရက်အချိန်ပြည့် အပါယ်တံခါးပိတ် ၀ိပဿနာအလုပ်ပေး အထူး တရားစခန်းကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မည်သူမဆို ညနေတိုင်း တရားနာကြွရောက်နိုင်ရန် ဖိတ်ကြား စီစဉ်ထားကြောင်းလည်း သိရပါသည်။ ဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျက် ရှိသော မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်သည် ယခုအခါ ဘုရားဖူး သူတော်စင်များ၊ တရားစခန်းဝင် သူတော်စင်များဖြင့် ပြည့်နှက်ကာ အထူးပင် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။ Read more >>>
အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် (၇) ရက်အချိန်ပြည့် ၀ိပဿနာအလုပ်ပေးတရားစခန်း

မြန်မာနိုင်ငံ၊ မန္တလေးမြို့၊ ရန်ကင်းတောင်ခြေ၊ အတုလမဟာ မြကျောက်ဆရာတော်၏ ခန္ဓာဥာဏ်ရောက် ၀ိပဿနာအလုပ်ပေး တရားစခန်းကို ဗုဒ္ဓဂယာ မဟာဗောဓိနယ်မြေတွင် (၇)ရက်တိုင်တိုင် အချိန်ပြည့်ကျင်းပလျှက်ရှိပါသည်။ ဆရာတော်ဘုရားကြီးသည် မြန်မာတွင်သာမက စင်္ကာပူ၊ တရုတ်စသည့်နိုင်ငံများတွင်ပါ ၀ိပဿနာ တရားဘာဝနာများကို လမ်းညွှန်းပြသနေသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ဆရာတော်၏ သီလ၊ သမာဓိဂုဏ်ကြောင့် သီတင်းသုံးတော်မူရာ မန္တလေးတောင်ခြေရှိ ကျောင်းတိုက်နယ်မြေ တနေရာတွင် သဘာဝရေကြည်သန့် ထွက်ရှိပြီး၊ စမ်းသပ်ချက်များအရ ယင်းသည် Minaral water ထက် ပို၍သန့်ရှင်း ကောင်းမွန်သည်ဟုဆိုကြသည်။ ဤအချက်ကြောင့်လည်း ဆရာတော်၏ ဂုဏ်သတင်းကျော်ကြားလျှက် လူသိများခြင်းဖြစ်သည်။
Read more >>>
ဗုဒ္ဓဂယာ၌ ဘုရားဖူးယင်း တရားဘာဝနာပွားများမည့်သူ များပြားလာဖွယ်ရှိ

ဗုဒ္ဓဂယာမြေမြတ်မဟာသည် သမ္မာသမ္ဗောဓိ ဆုပန်ဘုရားရှင်းတိုင်း၏ သစ္စာလေးပါး မြတ်တရားကို ထိုးထွင်းသိမြင်၍ ဘုရားအဖြစ်သို့ ရောက်စမြဲဖြစ်သည့် ထူးကဲမြင့်မြတ်သော နေရာဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဤနေရာကို အထွက်အမြတ်ထာသည့်အလျောက် ကမ္ဘာအရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်တိုင်းသည်လည်း ဤဗုဒ္ဓဂယာနေရာတော်မြတ်နှင့် သံဝေဇနိယ(၄)ဌာနတို့အား မိမိတို့တတ်နိုင်သည့် အချိန်၌ တစ်သက်တွင် တစ်ကြိမ်ဆိုသလို လာရောက်ပြီး ဖူးမျှော်လေ့ရှိကြပါသည်။ တစ်ချို့သော ပုဂ္ဂိုလ်များမှာ တစ်ကြိမ်တစ်ခါသာမကဘဲ အကြိမ်များစွာ တစ်နှစ် တစ်ကြိမ်စီ ပုံမှန်လာရောက်ဖူးမျှော်ကြသည်ကိုလည်းတွေ့မြင်ရပါသည်။ အခုအခါမှာ ဘုရားဖူးခရီးသည်များမှာ ဤဗုဒ္ဓဂယာ၌ ဘုရားဖူးရုံသာမကတော့ဘဲ ဤထူးကဲမြင့်မြတ်သည့်နေရာသို့ မိမိတို့ ရောက်တုန်းရောက်ခိုက်အချိန်ကလေးတွင် ဒုလ္လဘ၀ ရဟန်းခံခြင်း၊ သီလရှင်ဝတ်ခြင်းများအပြင် တရားဘာဝနာပွားများအားထုတ်မှုကိုပါ တစိုက်မက်မက်ပြုလုပ်လာကြသည်ကို တွေ့မြင်လာရပါသည်။ ရှေးအခါက ဘုရားဖူးခရီးသည်များသည် ဤဗုဒ္ဓဂယာ၌ တရားဘာဝနာပွားများမှုကို ပြုလုပ်ကြသော်လည်း စနစ်တကျ တရားများကို Read more >>>