Archive for the Health Care category

ကင်ဆာရောဂါ ကုသရာမှာ စိတ်ခွန်အားက အဓိက လိုအပ်

Health Care | Sunday, March 6, 2016 at 8:10 am
  • U-Maung-Maungweb

    ကျွန်တော် အဆုတ်ကင်ဆာရောဂါ ခံစားလာရသည်မှာ ၁ နှစ်ခန့်ရှိပါပြီ။ ဘုံဘေမြို့ ကင်ဆာအထူးကု ဆေးရုံမှာ သွားရောက်ပြသဖူးပါသည်။ သို့သော် အခြေအနေက ပိုဆိုးလာသည်။ ကျနော်၏ ကင်ဆာ အဆင့်က နောက်ဆုံးအဆင့် နံပါတ် - ၄ ဖြစ်သည်။ ဒါကြောင်း အိန္ဒိယသို့ မဇ္ဈိမဂုဏ် ဘုရားဖူးအဖွဲ့မှတဆင့် ဗောဓိသုခပရဟိတကျောင်းတိုက်၊ ကာလကတ္တားဆရာတော်ကြီးအား ဆက်သွယ်လျှောက်ထားပြီး၊ ဒုတိတစ်ကြိမ် ရောက်ရှိလာခဲ့သည်။ သည်တစ်ကြိမ်မှာတော့ ကိုးလ်ကတ္တားမြို့၊ အပိုလို ကင်ဆာ ဆေးရုံမှာ ပြသသည်။ အပိုလို ကင်ဆာဆေးရုံမှ ဆရာဝန်ကြီးက ၈ ကြိမ်တိုင်တိုင် Chemo သွင်း၍ ကုသပေးပါသည်။ ဆေးတစ်ကြိမ် တစ်ကြိမ်သွင်းတိုင်း ပြောမပြနိုင်လာက်အောင်ကို ခံစားရသည်။ ဆေးပါတ်စေ့အောင်တောင် ကျွန်နော်ခံနိုင်ပါ့မလား ဟု ကိုယ့်ဟာကိုယ် Read more >>>

  • မိသားစု အိမ်ပြန်ခရီး (ဦးဟန်အေး + မ၀င်းမြင့်သန်း)

    Health Care | Saturday, March 5, 2016 at 8:28 am
  • U-Han-Ayeweb

    ဦးဟန်အေး ကျောက်ကပ်ရောဂါ စတင်ခံစားလာရသည်မှာ ပြီးခဲ့သည့် (၂) နှစ်ကျော်ခန့်ကဖြစ်ပါသည်။ စဖြစ်ကတည်းက ဆေးနှင့် ထိန်းခဲ့ပါ၏။ မထိန်းနိုင်တဲ့ အခြေရောက်တော့ ကျောက်ကပ်ဆေးရတော့တာပါပဲ။ ကျောက်ကပ်ဆေးလာခဲ့တာ ၆ လခန့်ကြာပြီးမှ ၁၁-၁၂-၁၅ နေ့ အိန္ဒိယသို့ ရောက်လာခဲ့တာပါ။ အိန္ဒိယ အပိုလိုဆေးရုံကြီးမှာ ရောက်ရောက်ချင်း လိုအပ်တာတွေ အကုန်စစ်ဆေးရပါတယ်။ စစ်ဆေးလို့ အားလုံးအပြီးလည်းတိုင်ရော၊ နောက်ထပ် ပြတ်ဿနာတစ်ခု ကြုံလာပြန်တယ်။ ကျောက်ကပ် အလှူ့ရှင်မှာ သွေးတိုးရှိနေတဲ့အတွက် ဆရာဝန်က လက်မခံတာပါ။ ပိုက်ဆံတွေလည်း အတော်လည်း ကုန်ပြီးပြီ၊ အခုမှ ဒိုနာကို Reject အလုပ်ခံရတော့ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိဖြစ်သွားပါသေးတယ်။ နောက်ထပ် ဒိုနာ ရှာဖို့ ဆိုတာကလည်း သိပ်မလွယ်ကူလှ။ ဒါနှင့်ပဲ Read more >>>

  • ဦးစိုးနိုင်အောင် အိမ်ပြန်

    Health Care | Thursday, February 25, 2016 at 8:27 am
  • U-Soe-Naing1

    ဦးစိုးနိုင်အောင် (ကမ္ဘောဇအုပ်စု ကုမ္ပဏီ လီမိတက်၊ အင်ဂျင်နီယာဌာန၊ အတိုင်ပင်ခံ အင်ဂျင်နီယာ)၊ (ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာန၊ အချိန်ပိုင်း ပါမောက္ခ) နှင့် ပါရမီဖြည့်ဖက် ဒေါ်သင်းသင်းခိုင် သမီးလေး မအေးမြမြသင်းအောင် မိသားစုသည် ဗုဒ္ဓဓမ္မ၌ သက်ဝင်ခိုင်ကြည်သော သဒ္ဓါတရားဖြင့် မဇ္ဈိမဒေသတွင် သာသနာတော် အရှည်တည် တိုးတက်စေရန် ရည်သန်မြော်မြင်လျှက် အောက်ပါအတိုင်း ထာဝရကုသိုလ်အစုစုတို့ကို ပြုလုပ်ခဲ့ကြပါသည်။ (၁) အမေရိကန် ဒေါ်လာ ၇ -ထောင်နှင့် အိန္ဒိယရူပီး ၁ - သိန်းတန် န၀ကမ္မ၀တ္ထုတို့ကို ဗောဓိရုက္ခမူလ ငါးထပ်ကျောင်း ဆောက်လုပ်ရေး (ဒေါက်တာ နန္ဒောဘာသ ဦးစီးတည်ဆောက်နေသည့် ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ မဟာဗောဓိ မြန်မာကျောင်းတိုက်) အတွက်လည်းကောင်း၊ (၂) အိန္ဒိယရူပီးငွေ ၁ Read more >>>

  • နေ့စဉ် (၇) မိနစ်ခန့်ပြေးခြင်းဖြင့် အသက် (၃) နှစ်ပိုရှည်နိုင်

    Health Care | Wednesday, February 24, 2016 at 7:36 am
  • Daily-run

    သာမန်အချိန်ကလေး ၇ မိနစ်ခန့် နေ့စဉ်နေ့တိုင်းပြေးခြင်းဟာ နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်ပြီးရုတ်တရက်သေဆုံးရခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ အိုင်အိုဝါပြည်နယ်တက္ကသိုလ်က သုတေသနပြုအဖွဲ့ကို ဦးဆောင်သူဖြစ်တဲ့ DCLee ဆိုသူနှင့် လက်ထောက်ပါမောက္ခ တို့က သီတင်းတစ်ပတ်ကို ၅၁မိနစ်ထက်လျော့ပြီးပြေးတဲ့သူတွေဟာ သီတင်းပတ်တစ်ပတ်ကို သုံးနာရီထက်ပိုပြီး ပြေးတဲ့သူတွေနဲ့ သေဆုံးမှုဟာ အတူတူပဲဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘယ်လောက်ကြာကြာပြေးတယ်၊ ဘယ်လောက်ဝေးဝေးပြေးတယ်ဆိုတာက အကြောင်းမဟုတ်ပါဘူး။ နေ့စဉ် ပုံမှန်ပြေးတာပဲ အဓိကျပါတယ်။ ပြေးခြင်းနဲ့ အသက်ရှည်ခြင်းဟာ ဆက်စပ်မှုရှိ မရှိဆုံးဖြတ်ချက်ချနိုင်ဖို့ အသက် ၁၈နှစ်နှင့် အသက် ၁၀၀ကျော်ရှိတဲ့လူပေါင်း ၅၅,၁၃၇ ဦးကို သုတေသီတွေက ၁၅နှစ်ခန့်  လေ့လာမှုပြုကြည့်ကြပါတယ်။ ပြေးတဲ့လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးရခြင်းမှ 30% လျော့နည်းပြီး၊ 45% လောက်ကတော့ နှလုံးတိုက်ခိုက်ခံရမှုနှင့် လေဖြတ်ပြီးသေဆုံးရခြင်းမှ လျော့နည်းနိုင်တယ်လို့ဆိုပါတယ်။ ပြေးတဲလူတွေဟာ Read more >>>

  • အသက်တစ်ရာနေချင်သလား

    Health Care | Wednesday, February 24, 2016 at 7:28 am
  • ကနေဒါ နိုင်ငံသူ ဂျေစီဂါးရက် တစ်ယောက် အသက် (၁၀၂) နှစ်မှာမှ သေဆုံးသွားသည်။ မှတ်သားစရာ၊ အားကျစရာပင်။     အဆိုပါ အမျိုးသမီးကြီး အသက်ရှင်နေထိုင်သွားခဲ့သည့်အကြောင်းမှာ ပို၍ပင် မှတ်သားစရားကောင်းပါသည်။ ဂါးရက်သည် အသက် ၉၀ကျော်သည့်တိုင် သူမသည် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းပင်ဖြစ်ပါသည်။ အသက် ၈၃ နှစ်တွင် ဂျပန်ပြည်ကို အလည်အပတ်သွားသည်။ ဂျပန်ပြည်ရောက်သောအခါ မိသားစုတစ်ခုနှင့် တွေ့ဆုံပြီး ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ရိုးရာအစားအသောက်တွေစားသောက်သည်။ အသက် ၉၀ တွင် သူမ၏ ပထမဆုံးဖြစ်သော  memoir စာအုပ်ကိုရေးသည်။ ထို့နောက် အသက် ၉၀ကြားတွင် ဖလော်ရီဒါသို့သွားနေကျဖြစ်သည့် သုံးလတာအလည်အပတ်ခရီးကို သွား၍ကောင်းနေတုန်းပင်ရှိသေးသည်။ လွန်ခဲ့သည့်နှစ်က သူမကွယ်လွန်သွားသည်အထိ သူမပုံမှန်အသုံးပြုခဲ့သည့် ဆေးမှာ မျက်စဉ်းခတ်ရေ Read more >>>

  • သင်ဆီးချိုရောဂါဖြစ်နေပြီလား

    Health Care | Tuesday, February 23, 2016 at 10:49 pm
  • ဆူရပ်ရှ်မဟတ္တရသည် တဖြည်းဖြည်းနှင့် ကိုယ်အလေးချိန်ကျလာပြီး မောပန်းလာသည်။ အလုပ်လုပ်ယင်း တစ်ချိန်လုံးလိုလို စိတ်ထဲ ကသိကအောက်ဖြစ်လာသည်။ မအားမလပ် လုပ်နေရသည့် အလုပ်တာဝန်တွေကြောင့်၊ ၁၈ နာရီလုံးလုံး အလုပ်တွေလုပ်နေရသည့်အတွက်ကြောင့် ထိုကဲ့သို့ဖြစ်လာခဲ့ခြင်းသာ ဖြစ်မည်ဟုစဉ်စားပြီး ထိုမောပန်းမှု၊ ကိုယ်အလေးချိန်ကျလာမှုများကို ခေါင်းထဲမထည့်ဘဲ ဘေးချိတ်ထားလိုက်သည်။ နောက်ပိုင်းတွင် မွန်ဘိုင်းမှ မိမိကိုယ်တိုင် ဆရာဝန်တစ်ဦးဖြစ်သူ ဆူရပ်ရှ် မဟတ္တရမှာ ရေသောက်ယင်း ရေငတ်မပြေဖြစ်လာသည်။ သူသည် ရေငတ်ပြေမလားဆိုပြီး ရေများ အချိုရည်များ တစ်ခွက်ပြီး တစ်ခွက်ရေတွက်မရအောင် သောက်ကြည့်သည်။ သို့ရာတွင် မျက်စိ အမြင်အာရုံများ မှုန်ဝါးဝါးဖြစ်လာသောအခါကျမှ မျက်စိဆရာဝန်ဆီကို သွားပြလိုက်သည်။ Read more >>>

  • How I got my kidney transplanted at Apollo Gleneagles Hospital

    Health Care | Tuesday, February 23, 2016 at 12:12 pm
  • Mrs-May-Si-copy

    This is an account of how I got my kidney transplanted at Apollo Gleneagles Hospital at Kolkata in India. I am a 66-year old Myanmar woman, and live in Yangon, Myanmar, with my family of four, consisting of a 41-year old son and a 35-year old daughter. Both of them are Read more >>>

  • အသက်ကယ်သော မိနစ်သုံးဆယ်

    Health Care | Tuesday, February 23, 2016 at 10:53 am
  • ကျန်းမာရေးနဲ့ပတ်သက်လာယင် E ဆိုတဲ့စကားလုံးကို မကြောက်ပါနဲ့။ အဲဒါ အသက်ကယ်တဲ့စကားလုံးပါ။ လေမဖြတ်အောင် ဘယ်ဟာကတားဆီးကာကွယ်ပေးနိုင်ပါသလဲ။ နှလုံးရောဂါတွေ ပြီးတော့ ကင်ဆာရောဂါတွေကို ဘယ်ဟာက ကာကွယ်ပေးနိုင်ပါသလဲ။ စိတ်ဖိစီးမှုတွေမဖြစ်အောင်၊ အဆစ်တွေရောင်တဲ့ ဂေါက်ရောဂါတွေမဖြစ်အောင် ပြီးတော့ အသက်ရှည်ကျန်းမာဖို့ အဲဒီလိုအကျိုးရှိတဲ့ဆေးတစ်မျိုးကို ပြောပါနိုင်ပါသလား….။ အမေရကန်နိုင်ငံ National Institute on Aging ဌာနက ညွန်ကြားရေးမှုးဟောင်း ဒေါက်တာ ရောဘက် ဘတ်တလာက အကျဉ်းချုံးပြောပြတာက“ဆေးတစ်လုံးတည်းမှာပေါင်းထည့်လိုက်ယင် အဲဒါဟာ တစ်ခုတည်းသော ဆေးညွန်းလဲဖြစ်ရမယ်။ ပြီးတော့ အကျိုးရှိစေတဲ့ဆေးလဲဖြစ်ရမယ်။ အားလုံးအတွက် အကောင်းဆုံးလဲဖြစ်ရမယ်။ အဲဒီဆေးဟာ တန်ဖိုးလဲမမေးရဘူး ပြီးတော့ လူတိုင်းအတွက် အသုံးတည့်တဲ့ဆေးလဲဖြစ်ရမယ် တဲ့။“ အဲဒီဆေးဟာ ဘယ်လိုဆေးမျိုးပါလဲ။ မဖြေနိုင်လို့ လက်မြှောက်လိုက်ပြီလား….။ အဖြေကတော့ E ဆိုတဲ့စလုံးပဲဖြစ်ပါတယ်၊ EXERCISE ကိုပြောတာဖြစ်ပါတယ်။ Read more >>>

  • သင့်သွေးတိုး ရှေးမတိုးရအောင် ရှောင်/ဆောင်စရာ (၁၀) ချက်

    Health Care | Tuesday, February 23, 2016 at 10:19 am
  • Blood-Pressureweb

    အမြင့်စား သွေးတိုးရောဂါဖြစ်ပြီဆိုရင်တော့ - နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်နှင့် လေငန်းဖြတ်ရောဂါတွေလို ထွေပြား-ပြင်းထန်လှတဲ့ ရောဂါတွေကို အသံတိတ် လမ်းဖွင့် - လက်ကမ်း-ကြိုဆိုထားတဲ့ အတိုင်းပဲဖြစ်ပါတယ်။ ပြဒါးတိုင်း (120/ 80 –mm HG) ရှိလာပြီဆိုရင် ယေဘုယျအားဖြင့် သွေးတိုးနေပြီလို့ ဆိုနိုင်တယ်။ ဒါဟာ - ဝေဒနာရှင်ရဲ့ အသက်အရွယ်ကို လိုက်ပြီး ရှေးမှာ တိုးသထက် တိုးလာတော့မယ့် အနေအထားပဲဖြစ်ပါတယ်။ ဆီးချိုနဲ့ ကျောက်ကပ်လို ရောဂါမျိုးတွေကို (တပြိုင်တည်း နှစ်ခု) ဒွန်တွဲပြီးတော့ ဖြစ်ပေါ်လာစေနိုင်တဲ့ အနေအထားလည်းပဲဖြစ်ပါတယ်။ (ဒီနေရာမှာ - တစ်ခု မှတ်သားထားရမှာကတော့) - နှလုံးသွေးကြောဟာ ကျုံ့ ဝင်တဲ့အခိုက်မှာတော့ သွေးချိန်ဟာ (140. Mm. Read more >>>

  • အပိုလိုဆေးရုံ၌ ကျောက်ကပ်အစားထိုးကုသမှု (ကိုယ်တွေ့မှတ်စု)

    Health Care | Tuesday, February 23, 2016 at 10:02 am
  • Mrs-May-Si-copy

    ဒီစာစုက အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ အပိုလိုဆေးရုံကြီးမှာ တက်ရောက်ပြီးတော့၊ ကျောက်ကပ် အစား ထိုးကုသခံရပုံအကြောင်း ကျွန်မကိုယ်တွေ့ မှတ်စုလေးပဲဖြစ်ပါတယ်။ ကျွန်မက အသက်(၆၆)နှစ်အရွယ် မြန်မာ အမျိုးသမီးကြီး၊ သားကြီးရဲ့ အသက်က ၄၁ နှစ်၊ သမီးက ၃၅-နှစ်၊ သူတို့နှစ်ဦးလုံးက အိမ်ထောင်ရှင်တွေ ဖြစ်ကြ ပြီးတော့၊ ကျွန်မခင်ပွန်းနဲ့ပါဆိုရင် ကျွန်မတို့ မိသားစုလေးဦးဟာ ရန်ကုန်မှာပဲ အတူတကွ နေထိုင်နေကြပါတယ်။ ကျမ အသက်(၂၀)ကျော်အရွယ်-လူငယ်ဘ၀၊ ဒေါက်တာတွေက အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲသည့် ရောဂါဖြစ်တယ်လို့ ဆေးစစ်တွေ့ရှိကတည်းကပဲ ကျွန်မ ဒုက္ခရောက်ခဲ့တာပါ။ ကျွန်မခံစားခဲ့ရတဲ့နာကျင်မှုလျှပ်တ ပြက် သက်သာစေဖို့ ဝေဒနာလျော့ပါးစေတဲ့ အကိုက်အနာပျောက်ဆေးတွေ ကျွေးခဲ့ကြပါတယ်။ သည်လိုနဲ့မဖြစ် စလောက်ကလေးနာပြီဆိုရင်ပဲ အဲဒီဆေးတွေကို ကျွန်မသုံးဆောင်လိုက်တာပါပဲ။ ဒီဆေးတွေဟာကျွန်မရဲ့ကျောက် ကပ်ကိုထိခိုက်နိုင်တယ်၊ Read more >>>