Archive for the Construction at Gaya category

မဟာဗောဓိပရဟိတကျောင်း စတင်ဆောက်လုပ်

Construction at Gaya | Thursday, February 11, 2016 at 2:46 pm
  • 123456အိန္ဒိယနိုင်ငံ၊ မဇ္ဈိမဒေသ၊ ဗုဒ္ဓဂယာ၌ မဟာဗောဓိပရဟိတကျောင်းကို( ၆၊ ၆၊ ၂၀၁၃)နေ့ နံနက်(၉.၃၀)အချိန်တွင် ပန္နက်ရိုက် အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ကာ မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးပညာရှင် အင်ဂျင်နီယာ ဦးသိန်းထူးအေး ဦးစီးလျက် ပထမဆုံးသော ဗောဓိရုက္ခမူလအမည်ရှိ (၅)ထပ်ကျောင်းဆောင်တော်ကြီးကို စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။ ထိုဗောဓိရုက္ခမူလအမည်ရှိ(၅)ထပ်ကျောင်းဆောင်တော်ကြီး၏ ပန္နက်ရိုက်၊ အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ မဇ္ဈိမဒေသ သာသနာပြု၊ ဗုဒ္ဓဂယာမြန်မာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိန္ဒ၊ ဗီဟာပြည်နယ် တရုတ်ကျောင်းဆရာတော် ဒေါက်တာ ပညာလင်္ကာရ၊ ဗုဒ္ဓဂယာ မဟာအောင်မြေကျောင်းတိုက်ဆရာတော် ဒေါက်တာသုန္ဒရနှင့် ပင့်သံဃာ(၁၅)ပါးတို့ကြွရောက်တော်မူကြပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ပေးကြသည်။ထိုမဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်ကို အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ Read more >>>