Archive for the Buddhagaya Project category

သာသနာ့မြေရေစက်ချပွဲ MRTV 4 သတင်း

Buddhagaya Project | Tuesday, August 20, 2013 at 4:13 pm
  • အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီ၍ ဗုဒ္ဓဂယာမြေမြတ်မဟာ၌ (၃၂၄၀၀) စတုရန်းပေကျယ်ဝန်းသော ကျောင်းဝိုင်းမြေကြီးကို သာသနာ့ဝတ္တကမြေအဖြစ် ၀ယ်ယူပြီးစီးပြီးဖြစ်ပါသည်။ ဤထူးခြားမွန်မြတ်လှသော သာသနိက၀တ္ထုကံ မြေကြီးအလှူရေစက်ချပွဲတော်နှင့် မြေသန့်မင်္ဂလာ အခမ်းအနား ပွဲတော်ကို (၇-၁၂- ၂၀၁၂) နေ့ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ပြည်တွင်းပြည်ပ သာသနာပြု ကမ္ဘာကျော် ဓမ္မကထိက သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဥာဏိဿရ မထေရ်မြတ်မှ သာသနာတော်၌ ကျောင်းများ ဖြစ်ပေါ်လာခြင်းအကြောင်း တရားတော်ကို ချီးမြှောက်သွားပါသည်။

    Read more >>>

  • Ven. Dr. Nando Batha at Pathein Town

    Buddhagaya Project | Tuesday, August 20, 2013 at 3:22 pm
  • Ven. Dr. Nando Batha at Pathein Town

    အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂယာမြေမြတ်မဟာ၌ စတုရန်း ၃၂၄၀၀ ပေ ရှိသော မြေကြီးကို သာသနာ့မြေအဖြစ် ၀ယ်ယူနေရာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ဒေါ်မြထွေး၊ သမီး လင်းဇာဖြိုးတို့ မိသားစုနှင့် ရွှေသံလွင်ဧည့်ရိပ်မွန် ပိုင်ရှင် ဦးဝင်းလွင် ဇနီး ဒေါ်ခင်ဝင်းတို့ မိသားစုတို့က ကမကထပြု အလှူငွေများ စုပေါင်းလှူဒါန်းပြီး ရေစက်ချ အနုမောဒနာတရား နာကြားနေစဉ်။...

    Read more >>>

  • Ven. Dr. Nando Batha at Bogalay Town

    Buddhagaya Project | Tuesday, August 20, 2013 at 2:49 pm
  • Ven. Dr. Nando Batha at Bogalay Town

    မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၌ သာသနာ့မြေကွက်များ လှူဒါန်းနေကြပုံ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဒေါက်တာ နန္ဒောဘာသ ဦးစီးပြီး ဗုဒ္ဓဂယာမြေမြတ်မဟာ၌ စတုရန်း ၃၂၄၀၀ ပေ ရှိသော မြေကြီးကို သာသနာ့မြေအဖြစ် ၀ယ်ယူနေရာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နေ ဆရာမ ဒေါ်ကြည်ကြည်စိုး၊ ညီမ မသီတာတို့ မိသားစုနှင့် ပန်းသခင် ဧရပ်မွန် ပိုင်ရှင် ဦးသိန်းစိုး၊ ညီ ကိုမောင်မောင်တို့ မိသားစုတို့က ကမကထပြု အလှူငွေများ စုပေါင်းလှူဒါန်းပြီး ရေစက်ချ အနုမောဒနာတရား နာကြားနေစဉ်။...

    Read more >>>