Archive for the 6th Intensive English course category

(၆) ကြိမ်မြောက် အင်္ဂလိပ်စာ အထူးသင်တန်း

6th Intensive English course | Friday, February 12, 2016 at 10:35 am
  • https://youtu.be/KVs-yBHIaT4သဗ္ဗညုတရွှေဥာဏ်တော်ကို ရရှိတော်မူပြီး မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ရောက်ရှိတော်မူရာဖြစ်သော ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ အထွက်အမြတ်ဆုံးထားရာ နေရာတစ်ခုဖြစ်ပါသည်။ ယင်းဗုဒ္ဓဂယာမှာ အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ်တွင် တည်ရှိပြီး ပတ္တနားမြို့မှ ကီလိုမီတာ ၁၁၀ ဝေးကွာသည်။ ပါဠိစာပေများတွင် မြတ်စွာဘုရား သဗ္ဗညုတဥာဏ်ကို ရရှိတော်မူသော ထိုဗုဒ္ဓဂယာကို ဗောဓိရုက္ခမူလဟူ၍လည်းကောင်း၊ ဗောဓိမဏ္ဍလဟူ၍လည်းကောင်း၊ သမ္ဗောဓိံဟူ၍လည်းကောင်း၊ သို့မဟုတ် ဥရုဝေလဟူ၍လည်းကောင်း ရည်ညွှန်းပြဆိုထားပါသည်။  နောင်ပွင့်လတံ့ဖြစ်သော အရိမေတ္တေယျ ဘုရားလောင်းသည်လည်းဤနေရာ၌ပင် ပွင့်တော်မူမည်ဟုမိန့်ဆိုထားပါသည်။ ထို့ကြောင့်  ကမ္ဘာတ၀ှန်းမှ ဗုဒ္ဓဘာသာဝင်များစွာတို့သည် အလေးအမြတ်ထားကာ ဤနေရာသို့ နှစ်စဉ်နှစ်တိုင်း လာရောက်ဖူးမျှော်ကြပါသည်။ မြန်မာနိုင်ငံမှာထုတ်ပြန်သောစာရင်းဇယားများအရ လွန်ခဲ့သောနှစ်က မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ကြသူများအရေအတွက်မှာ ၄၀၀၀၀ ရှိသည့်ဟုသိရပါသည်။ ယခုနှစ်ဘုရားဖူးဧည့်သည့်အရေအတွက်3 Read more >>>