Latest Activities

  • U-Han-Ayeweb

    မိသားစု အိမ်ပြန်ခရီး (ဦးဟန်အေး + မ၀င်းမြင့်သန်း)

    Saturday, March 5, 2016 at 8:28 am |

    ဦးဟန်အေး ကျောက်ကပ်ရောဂါ စတင်ခံစားလာရသည်မှာ ပြီးခဲ့သည့် (၂) နှစ်ကျော်ခန့်ကဖြစ်ပါသည်။ စဖြစ်ကတည်းက ဆေးနှင့် ထိန်းခဲ့ပါ၏။ မထိန်းနိုင်တဲ့ အခြေရောက်တော့ ကျောက်ကပ်ဆေးရတော့တာပါပဲ။ ကျောက်ကပ်ဆေးလာခဲ့တာ ၆ လခန့်ကြာပြီးမှ ၁၁-၁၂-၁၅ နေ့ အိန္ဒိယသို့ ရောက်လာခဲ့တာပါ။ အိန္ဒိယ အပိုလိုဆေးရုံကြီးမှာ ရောက်ရောက်ချင်း လိုအပ်တာတွေ အကုန်စစ်ဆေးရပါတယ်။ စစ်ဆေးလို့ အားလုံးအပြီးလည်းတိုင်ရော၊ နောက်ထပ် ပြတ်ဿနာတစ်ခု ကြုံလာပြန်တယ်။ ကျောက်ကပ် Read more >>>

    ILBCweb

    သာသနာပြုတွေရဲ့ ဘုရားဖူးခရီး

    Tuesday, March 1, 2016 at 6:32 pm |

    ဘုရားဖူးယင်း လိပ်ဥတူးသူတွေ တူးကြသလို၊ ဘုရားဖူယင်း သာသနာပြုသူတွေကလည်း ပြုခဲ့ကြ၊ ပြုနေကြပါသည်။ (နောင်လည်း ပြုနေကြပါလိမ့်ဦးမည်)။ ယခုပို့စ်မှာမူ မဟာဗောဓိတွင် သာသနာပြုခဲ့ကြသူတွေအကြောင်းဖြင့် အစပျိုး မိတ်ဆက်ပါရစေ။ ဘုရားဖူးတွေ အခုလိုသာယာ အေးချမ်းစွာ ၀င်ထွက်ဖူးမြော်လို့ရနေကြတာ ရှေးကသာသာနပြုတွေရဲ့ ဘ၀နှင့်ရင်းလို့ အလုပ်လုပ်သွားခဲ့ကြတဲ့ ကျေးဇူးကြောင့်ဆိုတာ နားလည်စေချင်ပါသည်။ သမိုင်းကြောင်းကို လှည့်ပြောင်းစောင်းငဲ့ကြည့်ရလျှင် ပဋ္ဌမ မဟာဗောဓိစေတီကြီးတည်ခဲ့သည့် အသောကမင်းကြီး၏ သမိုင်းဝင် ဘုရားဖူးခရီးကို Read more >>>

    meditateweb

    ဘုရားဖူးယင်း တရားလည်း အားထုတ်ကြရအောင်

    Saturday, February 27, 2016 at 9:32 am |

    ယဉ်ကျေးမှုမြင့်သော လူ့အဖွဲ့စည်းအားလုံးတွင် မိမိတို့၏ သက်ဝင်ယုံကြည်ရာ ဘာသာတရား ပေါ်ထွန်းရာ နေရာဌာနများကို အထူးအထွဋ်အမြတ်ထား၍ ဘုရားဖူးထွက်သည့် ဓလေ့ရှိကြ၏။ ဗုဒ္ဓဘာသာတွင် အထွဋ်အမြတ်ထား ဖူးမျော်ထိုက်သည့် နေရာတော်များအဖြစ် သံဝေဇနိယလေးဌာန၊ (ဘုရားရှင်တိုင်းမစွန့်သော) အ၀ိဇဟိတ လေးဋ္ဌာနတို့ကို ဘုရားရှင်ကိုယ်တော်တိုင် သတ်မှတ် ဟောကြားတော် မူခဲ့သည်။ ဘုရားရှင်နှုတ်ခပါတ်တော်မှ ဗျာဒိတ်တော်မိန့်မှာချက်နှင့်အညီ အထူးအထွဋ်အမြတ်ထား၍ ဂရုဂါရ၀ပြုကြကုန်သော မိမိတို့ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် အဆိုပါနေရာဌာနများသို့ အနည်းဆုံး Read more >>>

    mahabodhitempleweb

    ဗုဒ္ဓဂယာမြေမြတ်မဟာ

    Friday, February 26, 2016 at 8:16 pm |

    မြေမြတ်မဟာ။ ဗုဒ္ဓဂယာကား ဗုဒ္ဓဘာသာဝင်တို့အတွက် အထူး မွန်မြတ် အရေးပါသော နေရာတော်ဖြစ်သည်။ ဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော်ရ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိသော ဒဿနိယ သံဝေဇနိယ နေရာတော်ဖြစ်သည်။ ဗုဒ္ဓခေတ်မတိုင်မီက ဤဒေသ တ၀ိုက်ကို ဥရုဝေဠဟုခေါ်တွင်ခဲ့ပြီး ဗုဒ္ဓခေတ်တွင် ဗောဓိမဏ္ဍလ-သမ္ဗောဓိ-ဗောဓိရုက္ခမူလ စသည်ဖြင့် ခေါ်တွင်ခဲ့သည်။ ၁၃-ရာစုတွင် ဒေသခံများက ဗြဟ္မဂယာခေါ် ဂယာမြို့ (ဗိဿနိုးနတ်ကွန်း) နှင့် ကွဲပြားစေရန် ဗုဒ္ဓဂယာဟု Read more >>>

    U-Soe-Naing1

    ဦးစိုးနိုင်အောင် အိမ်ပြန်

    Thursday, February 25, 2016 at 8:27 am |

    ဦးစိုးနိုင်အောင် (ကမ္ဘောဇအုပ်စု ကုမ္ပဏီ လီမိတက်၊ အင်ဂျင်နီယာဌာန၊ အတိုင်ပင်ခံ အင်ဂျင်နီယာ)၊ (ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗိသုကာဌာန၊ အချိန်ပိုင်း ပါမောက္ခ) နှင့် ပါရမီဖြည့်ဖက် ဒေါ်သင်းသင်းခိုင် သမီးလေး မအေးမြမြသင်းအောင် မိသားစုသည် ဗုဒ္ဓဓမ္မ၌ သက်ဝင်ခိုင်ကြည်သော သဒ္ဓါတရားဖြင့် မဇ္ဈိမဒေသတွင် သာသနာတော် အရှည်တည် တိုးတက်စေရန် ရည်သန်မြော်မြင်လျှက် အောက်ပါအတိုင်း ထာဝရကုသိုလ်အစုစုတို့ကို ပြုလုပ်ခဲ့ကြပါသည်။ (၁) အမေရိကန် ဒေါ်လာ Read more >>>

    daw1

    ဒေါ်တင်ညွန့်ကျော်မိသားစု အခန်းတစ်ခန်းလှူဒါန်း

    Thursday, February 25, 2016 at 8:21 am |

    ကွယ်လွန်သူ ဦးလှကျော် နှင့် သား သူရလှကျော် တို့အားရည်စူး၍ ကျန်ရစ်သူ ဇနီး ဒေါ်တင်ညွန့်ကျော်၊ သမီး မြသီတာကျော်၊ ဒေါက်တာ ဥမ္မာကျော်- မြေး ဇေယျာဘိုဘိုထူး (အမှတ် ၃၉၁-၃၉၂၊ ပုသိမ်ညွန့် ၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့) မိသားစုတို့မှ အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ ဗောဓိသုခပရဟိတမြန်မာကျောင်းဆရာတော် ဒေါက်တာနန္ဒောဘာသ ဦးစီးတည်ထောင်လျက်ရှိသော ဗုဒ္ဓဂယာ မြေမြတ်မဟာရှိ မဟာဗောဓိပရဟိတမြန်မာကျောင်းတိုက်၊ Read more >>>

    1234

    ဦးမောင်မောင်စိုး+ဒေါ်ခင်ခင်မြိုင် မိသားစု အခန်းတစ်ခန်း လှူဒါန်း

    Thursday, February 25, 2016 at 8:17 am |

    ကွယ်လွန်သူ ဦးကျော်ဇော်နှင့် ဒေါ်မြိုင်၊ ဦးအောင်စိန်တို့အား ရည်စူး၍ ဦးမောင်မောင်စိုး+ ဒေါ်ခင်ခင်မြိုင်၊ သမီး ခင်သန္တာစိုး၊ ခင်သိင်္ဂီစိုး၊ (၉  မိုင်၊ ရန်ကုန်) မိသားစုတို့မှ ဆရာတော်ဒေါက်တာနန္ဒောဘာသ ဦးစီး၍ တည်ထောင်လျက်ရှိသော ဗုဒ္ဓဂယာမြေမြတ်မဟာရှိ မဟာဗောဓိ ပရဟိတမြန်မာကျောင်းတိုက်၊ ဆောက်လုပ်ဆဲ ဗောဓိရုက္ခမူလအမည်ရှိ (၅) ထပ်ကျောင်းဆောင်၌ အခန်းတစ်ခန်းဖိုး အမေရိကန်ဒေါ်လာ (၇၀၀၀) တိတိကို ၁၈-၂-၂၀၁၄ နေ့ သဒ္ဓါထပ်သန်စွာ လှူဒါန်းပါဝင်သွားပါသဖြင့် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုအပ်ပါသည်။ မေတ္တာဖြင့်- ဆရာတော် Read more >>>